သခင်ဘုရား ကြွလာတော်မူမည့် နေ့ရက်
3
ချစ်ရသော/သူတို့… ယခု ဤ/စာ/သည် သင်တို့/ထံသို့ ကျွန်ုပ်/ရေးလိုက်သော/ဒုတိယမြောက်/စာ/ဖြစ်၏။ စာ/နှစ်စောင်လုံး/တွင် သင်တို့/အား ရိုးသား/မှန်ကန်/စွာ တွေးခေါ်/နိုင်ရန် သတိပေး/၍ လှုံ့ဆော်/ရေးသားထား၏။ 2 သန့်ရှင်းသော/ပရောဖက်များ ယခင်/က ဟောပြောခဲ့သော/စကားများ/နှင့် သင်တို့/၏ တမန်တော်များ/အားဖြင့် ကျွန်ုပ်တို့/၏/သခင်/နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော/အရှင်/၏ ပညတ်တော်တို့/ကို သင်တို့/အား သတိရ/စေလို၏။
3 ဦးစွာ သင်တို့/အား သတိပေး/လိုသည်/မှာ နောက်ဆုံးသော/နေ့ရက်များ/၌ မထီမဲ့မြင်/ပြုသူတို့/သည် ပေါ်ပေါက်လာ/၍ မိမိတို့/၏/တပ်မက်မှုများ/အတိုင်း ပြုမူကြ/လိမ့်မည်။ 4 ထို/သူတို့/က “ယေရှု/ပြန်ကြွလာမည် ဟူသော ကတိတော်/သည် အဘယ်မှာနည်း။ ကျွန်ုပ်တို့ ဘိုးဘေးများ ကွယ်လွန်ပြီး/ကတည်းက အရာ/အားလုံး/သည် ကမ္ဘာဦး/အစ ဖန်ဆင်းခဲ့သည့်/အချိန်က/အတိုင်း ဆက်လက်/ရှိနေဆဲ/ပင် ဖြစ်၏” ဟူ၍ ပြောကြ/လိမ့်မည်။ 5 သို့သော် ဘုရားသခင်/သည် နှုတ်ကပတ်တော်/အားဖြင့် ကောင်းကင်/ကို ရှေးယခင်/ကပင် တည်ရှိစေပြီး ရေ/ဖြင့် မြေကြီး/ကို ရေ/ထဲမှ ပေါ်ထွက်စေကြောင်း သူတို့ တမင်/မေ့လျော့ထားကြ၏။ 6 ထို/ရေ/ဖြင့်/လည်း ထို/အချိန်/က ကမ္ဘာကြီး/သည် ရေလွှမ်းမိုး/၍ ပျက်စီးသွား၏။ 7 ဘုရားသခင်/သည် ထို/နှုတ်ကပတ်တော်/အားဖြင့် ယခု/လက်ရှိ ကောင်းကင်/နှင့် မြေကြီး/ကို မီး/နှင့် တရားစီရင်မည့်/နေ့/တိုင်အောင် ဆက်လက်/တည်ရှိစေတော်မူ၏။ ထို/နေ့/၌ ကောင်းကင်/နှင့် မြေကြီး/သည် မီး/နှင့် ဖျက်ဆီးခြင်း/ကို ခံရ/၍ ဘုရားတရား/မဲ့သော/သူတို့/သည်လည်း ဖျက်ဆီးခြင်း/ကို ခံရ/လိမ့်မည်။
8 ချစ်ရသော/သူတို့… ဤ/အချက်/ကို မမေ့နှင့်။ ထာဝရဘုရား/အတွက် တစ်ရက်/သည် အနှစ်/တစ်ထောင်/ကဲ့သို့/ဖြစ်၏။ အနှစ်/တစ်ထောင်/သည် တစ်ရက်/ကဲ့သို့/ဖြစ်၏။ 9 လူတချို့ ထင်မှတ်/သကဲ့သို့ ထာဝရဘုရား/သည် မိမိ/ကတိတော်/အတိုင်း/ပြု/ရန် နှောင့်နှေးတော်မူသည်/မဟုတ်။ ကိုယ်တော်/သည် မည်သူ/မျှ မပျက်စီးဘဲ လူတိုင်း နောင်တရ/စေရန် အလိုတော်/ရှိ/၍ သင်တို့/အပေါ် စိတ်ရှည်တော်မူခြင်း/သာ/ဖြစ်၏။ 10 သို့သော် ထာဝရဘုရား/၏/နေ့ရက်/သည် သူခိုး/ကဲ့သို့ ရောက်လာ/လိမ့်မည်။ ကောင်းကင်/သည် မြည်ဟည်း/၍ ပျောက်ကွယ်/လိမ့်မည်။ လောကဓာတ်တို့/သည် အလွန်/ပူပြင်း/၍ ပျက်ပြယ်သွားကြ/လိမ့်မည်။ ကမ္ဘာ/မြေကြီး/နှင့် ကမ္ဘာမြေ/ပေါ်တွင် ပြုလုပ်ထား/သမျှ အရာ/အားလုံး/သည် ပျောက်ကွယ်သွား/လိမ့်မည်။a
11 အရာ/အားလုံး/သည် ဤ/နည်း/အားဖြင့် ဖျက်ဆီးခံရမည်/ဖြစ်/သောကြောင့် သင်တို့/သည် မည်သို့သော/သူများ ဖြစ်သင့်/သနည်း။ သန့်ရှင်း/စွာ ပြုမူနေထိုင်/လျက် ဘုရားတရား/ကိုင်းရှိုင်းခြင်း/ဖြင့် 12 ဘုရားသခင်/၏ နေ့ရက်/ကို စောင့်မျှော်/၍ ထို/နေ့ရက်/ကို အလျင်အမြန်/လာစေ/သင့်၏။ ထို/နေ့/၌ ကောင်းကင်/သည် မီးလောင်ကျွမ်း/၍ ပျက်ပြယ်သွား/လိမ့်မည်။ လောကဓာတ်တို့/သည်လည်း ပြင်းထန်သော အပူရှိန်/၌ အရည်ပျော်/သွား/လိမ့်မည်။ 13 သို့သော် ကျွန်ုပ်တို့/သည် ကိုယ်တော်/၏ ကတိတော်/အတိုင်း ဖြောင့်မတ်ခြင်းတရား/တည်ရှိရာ ကောင်းကင်သစ်/နှင့် မြေကြီးသစ်/ကို စောင့်မျှော်နေကြ၏။
14 ထို့ကြောင့် ချစ်ရသော/သူတို့… သင်တို့/သည် ဤ/အရာများ/ကို မျှော်လင့်နေသည်/ဖြစ်/၍ ကိုယ်တော်/၏ ရှေ့တော်/၌ အစွန်းအထင်း၊ အပြစ်အနာအဆာ/ကင်း/လျက် ငြိမ်းချမ်း/စွာ ရှိ/နိုင်ရန် ကြိုးစား/အားထုတ်ကြလော့။
15 ကျွန်ုပ်တို့/၏ ချစ်ရသော/ညီအစ်ကို/ပေါလု/သည်လည်း ကျွန်ုပ်တို့/၏/သခင်ဘုရား/ပေးတော်မူသော ဉာဏ်ပညာ/ဖြင့် သင်တို့/ထံ စာရေးခဲ့သည့်/အတိုင်း ကျွန်ုပ်တို့/၏/သခင်ဘုရား/၏ စိတ်ရှည်တော်မူခြင်း/သည် သင်တို့/ကယ်တင်ခံရ/ရန် ဖြစ်ကြောင်း မှတ်ယူကြလော့။ 16 ပေါလု/သည် ဤ/အကြောင်းအရာများ/နှင့်/ပတ်သက်/၍ သူ/၏/စာ/အားလုံး/တွင်လည်း ဤ/အတိုင်း/ပင် ရေးသားထား၏။ သူ/၏ စာများ/ထဲတွင် နားလည်/ရန် ခက်ခဲသော အကြောင်းအရာ/တချို့ ပါဝင်၏။ မသိ/နားမလည်သူများ/နှင့် တည်ငြိမ်/ရင့်ကျက်မှု/မရှိသော/သူများ/သည် အခြား/ကျမ်းများ/ကို ပြု/သကဲ့သို့ ထို/စာ/၏ အနက်/ကိုလည်း မှောက်လှန်/၍ မိမိကိုယ်ကိုယ် ပျက်စီး/စေတတ်ကြ၏။
ပေတရု/၏ နောက်ဆုံး/နှုတ်ခွန်းဆက်/စကား
17 ချစ်ရသော/သူတို့… သင်တို့/သည် ဤ/အကြောင်းအရာများ/ကို ကြိုတင်/သိထားကြပြီ/ဖြစ်/၍ တရားမဲ့သူ/၏ အမှား/နောက်သို့ လိုက်ပါမသွား/စေရန်/နှင့် သင်တို့/၏/တည်ငြိမ်/ရင့်ကျက်မှု/ကို မဆုံးရှုံး/စေရန် သတိပြုကြလော့။ 18 ကျွန်ုပ်တို့/၏ သခင်/နှင့် ကယ်တင်ရှင် ယေရှု/ခရစ်တော်/ကို သိကျွမ်းခြင်း/၌/လည်းကောင်း၊ ကျေးဇူးတော်/၌/လည်းကောင်း ကြီးထွားကြလော့။
ကိုယ်တော်/သည် ယခု/မှစ၍ ထာဝရ/ကာလ/ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။
ရှင်ပေတရု/ဩဝါဒစာ/ဒုတိယစောင် ပြီးပါပြီ။